ခိုလမ် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ (Community Centre) ခန်းမ၌ စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၉:၃၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူသော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် (Book Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း (၁၁)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)