မိုင်းလုံမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ငှားရမ်း

မိုင်းလုံ ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများအတွက်  ငှားရမ်းခြင်း‌ကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင်  မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားဗဟုသုတများ ရရှိစေရန်၊   အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင် တစ်ကြိမ်ပုံမှန် လာရောက်ငှားရမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)