သံဖြူဇရပ် သြဂုတ် ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ဘိုး/ဘွားများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး မြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ မြို့တော်ဦးစာသင်တိုက်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ ငါးပါးသီလခံယူကာ ဆရာတော်ကြီးနှင့် သံဃာတော်များအား ရိပ်သာရှိ ဘိုး/ဘွား(၁၁)ဦးတို့မှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပြီးရေစက်ချ အမျှဝေသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာ၊ ဘိုးဘွားရိပ်သာအမှုဆောင်အဖွဲ့ဝင်များနှင့် အလှူရှင်များမှ ပါဝင်လှူဒါန်းဆက်ကပ် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)