မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ

မှော်ဘီ ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအ ခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(မြောင်းတကာ)ခန်းမ၌ ကျင်းပသည်။

အခမ်အနားတွင် အခြေခံပညာအထက်တန်းကျောင်း(မြောင်းတကာ) ကျောင်အုပ်ဆရာမကြီး ဒေါ်မြင့်သန်းဦးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့လက်ရွေးစင် ပြေးခုန်ပစ်ကစားသမားဟောင်း ဒေါ်မာမာမင်း၊ နိုင်ငံ့လက်ရွေးစင် စားပွဲတင်တင်းနစ် ကစားသမားဟောင်း ဦးဘဝေ၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးနှင့် မှော်ဘီအားကစားမှူး ဒေါ်လဲ့လဲ့လွင်တို့က ကျောင်းသား/သူများကို အားကစားနှင့်လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများနှင့် အားကစားသိပ္ပံသင်တန်းသို့ တက်ရောက်ရန်တို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ)ကျောင်းအုပ်ဆရာမကြီး‌ဒေါ်မြင့် သန်းဦးထံသို့ မှော်ဘီမြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ပြီး Fitness Dance နှင့် တိုက်ကွမ်ဒိုအားကစားသမားများက သရုပ်ပြသခဲ့ကြသည်။

ဆက်လက်၍ သရုပ်ပြသကြသော အားကစားသမားများအား ဂုဏ်ပြုဆု‌ငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြင့်ခဲ့သည်။ အခမ်းအနားသို့ အခြေခံပ ညာအထက်တန်းကျောင်း (မြောင်းတကာ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ သရုပ်ပြအားကစားသမားများ တက်ရောက်‌ကြကြောင်း သိရသည်။

ဝင်းဇော် (မှော်ဘီ)