ညောင်ရွှေ ဩဂုတ် ၈
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ခြင်းအလေ့အထ ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပ ညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ချိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးညီလေးက ကျောင်းအတွက် အားကစားပစ္စည်များကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မာဝင်းက လက်ခံရယူခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများမှ ကျောင်းစာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါနှင့် ဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် လူငယ်ဆိုင်ရာ အသိပညာပေးပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ