မိုးကောင်း ဩဂုတ် ၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်(၅)နှစ်အောက် (၆ လမှ ၄ နှစ် ၁၁ လ ၂၉ ရက်ထိ) ကလေးငယ်များအား မျက်စိအားဆေး ဗီတာမင်အေဆေးလုံးနှင့် သံချဆေးကို ဩဂုတ်(၆)ရက်နံနက်(၉)နာရီတွင် အဆိုပါဌာန၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေး တိုက်ကျွေးတိုက်ကျွေးရာတွင် (၆)လမှ(၁၁)လတွင်းရှိ ကလေးငယ်(၁၃၈)ဦးကို ဗီတာမင်အေ ယူနစ်တစ်သိန်းအားကိုလည်းကောင်း၊ (၁) နှစ်မှ (၅)နှစ်အောက်ကလေးငယ် (၅၇၄)ဦးကို ဗီတာမင်အေ ယူနစ်နှစ်သိန်းအားကိုလည်းကောင်း၊ (၂) နှစ်မှ (၄)နှစ် ကလေးငယ်(၅၄၀)ဦးကို သံချဆေး (Albendazole)ကို လည်းကောင်း တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။
မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် ၅ နှစ်အောက် ကလေးအာဟာရလုပ်ငန်းကို ဖေဖော်ဝါရီလတွင်(၁)ကြိမ်၊ ဩဂုတ်လတွင်(၁)ကြိမ် တစ်နှစ်လျှင်စုစုပေါင်း(၂)ကြိမ်ပြုလုပ်ရပြီး ယခုဩဂုတ်လသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)