မင်းတုန်း ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ဩဂုတ်လ ၁၀ ရက်နေ့အထိ ကျား(၁၆၈၀)ဦး၊ မ(၂၀၂၈)ဦး စုစုပေါင်း (၃၇၀၈)ဦး စာရင်းကောက်ယူပြီးစီးပြီဖြစ်သည်။
အဆိုပါ Biometric အချက်အလက်များကို ဦးတည်အုပ်စုအလိုက် စာရင်းကောက်ယူမှုပြီးစီးပါက ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးအား Electronic စနစ်ဖြင့် National ID(NID) ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)