မလှိုင်မြို့ အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး

မလှိုင် ၊ သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက် သည် သြဂုတ်(၉)ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မလှိုင်မြို့၊ ပန်းအိုင်ကျေးရွာအုပ်စု  ပန်းအိုင်ကျေးရွာ “ ကံစွယ် ” ဘုန်းတော်ကြီးကျောင်း အမည်ဖြင့် အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ “ ကံစွယ်” ဘုန်းတော်ကြီးကျောင်းအမည်ဖြင့် အခွန်လွတ်သာသနာ့မြေဂရန်လျှောက်ထားလာသည့် အမှုတွဲအမှတ်(၁/၂၀၂၃-၂၀၂၄)(သာသနာ)အမှုတွဲနှင့် ပတ်သက်၍ ကွင်းအမှတ်(၁၇၀)၊ ပန်းအိုင်ကွင်း ၊ မြေကွက်အမှတ်(၈၃)၊ မြေဧရိယာ(၁.၃၂)ဧကနှင့် ပတ်သက်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၏မြေရာဇဝင်စိစစ်ချက် ၊ မြို့နယ်တည်နေရာပြမြေပုံ၊ ဘုန်းတော်ကြီးကျောင်းတည်နေရာပြမြေပုံ ၊ ပတ်ဝန်းကျင်ပြမြေပုံ ၊ ကောင်းကင်မြေပုံ (Google map)တို့နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး မြေယာဥပဒေနည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယင်းနောက် ကွင်းဆင်းစစ်ဆေးမှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက်က အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားသည့် မြို့နယ်အုပ်ချုပ် ရေးမှူး၏ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ၊ သဘောထားမှတ်ချက်များအားအမှုတွဲနှင့်အတူအခွန်လွတ်သာသနာ့မြေဂရန်ရရှိရေး တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဝိလာသဂ္ဂအား လျှောက်ထားခဲ့သည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက် သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊  ဦးစီး မှူး ဦးအောင်ကိုကို နှင့် ပန်းအိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဘိုတင်တို့နှင့်အတူ အခွန်လွတ်သာသနာ့ မြေဂရန်လျှောက်ထားသည့် မြေနေရာအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)