မလှိုင် သြဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတွင် ဝါတွင်းကာလ ဒုတိယအပတ်အဖြစ် ကျောင်းတိုက်ပေါင်း (၃၁) တိုက်တိုတွင် ဝါဆိုကြသည့် သံဃာတော် (၃၄၅) ပါးတို့အားဝါတွင်း ကာလဝါဆိုသီတင်းသုံး နေထိုင်စဉ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်တွင် သံဃာ့ဒါန ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဆွမ်းရေစက်ချ အနုမောဒနာတရားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ မေဃဝတီမိုလ်းကောင်းကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တကသဖထံမှ ရှစ်ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူကာ အမျှအတန်းများ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ မြတ်စွာဘုရားအမှူး ရှိသော ပင့်သံဃာတော် (၃၄၅) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဝန်ထမ်းများ၊ အလှူရှင်များ စုပေါင်း၍ ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ်များ ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီးတွင် ဆွမ်း၊ ဆွမ်းဟင်း များနှင့်ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြသည်မှာ ယခုနှစ်တွင် (၆၄) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရပြီး ဝါတွင်းကာလ(၃)လတွင် အပတ်စဉ် ဥပုသ်နေ့တိုင်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)