မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

မိုင်းစံ ဩဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာ‌ထွေးက ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူး များ စာဖတ်ခြင်းဆိုင်ရာများနှင့် စာပေဖတ်ရှုခြင်းဖြင့် အမှား/အမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး  အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး “စိတ်အာဟာရပြည့်ဝဖို့စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများကို Mobile Library စနစ်ဖြင့်စာအုပ်များ ငှားရမ်းပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မိုင်းစံ(ပြန်/ဆက်)