ဝမ်းတွင်း သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် Box Culvert တံတား တစ်စင်းအား ဆောက်လုပ်ပြီးစီးကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ယခုဆောက်လုပ်ပြီးစီးသော တံတားအနေဖြင့် (၄ပေ×၂၄ပေ×၄ပေ)ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်(၈.၄၇၅)သန်း အကုန်ကျခံကာ ဆောက်လုပ်ခဲ့ပြီး မလွှပင်ကျေးရွာ၊ သဲတောလေးကျေးရွာ၊ အင်းယင်းကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ ရွာသစ်ကျေးရွာတို့ကို လွယ်လင့်တကူသွားလာနိုင်သည့်အပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို များစွာအကျိုးပြု အထောက်အကူဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျေးရွာ(၅)ရွာ၏ ကျေးရွာချင်းဆက်တံတား Box Culvert တည်ဆောက်ပေးခဲ့ခြင်းဖြင့် အကျိုးပြု အိမ်ခြေ(၆၅၁)အိမ်၊ အကျိုးပြုလူဦးရေ (၂၉၄၆)ဦးတို့၏ လူမှုဘဝများ ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပြီး ယခု Box Culvert တံတာ တည်ဆောက်ပေးခြင်းအပေါ် ကျေးလက်နေပြည်သူများမှ များစွာကျေးဇူးတင်ရှိကြောင်း ကျေးလက်နေပြည်သူများထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်