သတင်းများ

ချောင်းဦးမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ပြီး သန်ချဆေးတိုက်ကျွေး
Aug 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့ နံနက်၉ နာရီ အချိန်က ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ပြီး ကျောင်းတက်နေသည့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် သန်ချဆေးများ တိုက်ကျွေး၍ Sinopham အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်
Aug 15,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မူဆယ်မြို့ မူလွန်စွမ်စော်ကျောင်းတွင် လူငယ်ရေးရာနှင့်စာပေအသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မူလွန်စွမ်စော်ကျောင်းတွင် လူငယ်ရေးရာနှင့် စာပေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာတွင် ကျောင်းသား/သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ညဏ်ရည်ညဏ်သွေး ထက်မြက်လာစေရန်၊နောင်တွင် နိုင်ငံတော်အတွက်အကျိုးပြုနိုင်သော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ပညာတတ်များတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဖားကန့်မြို့၌ သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဂဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ
Aug 15,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်သား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့က ချောင်းဆုံ (အ.ထ.က) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
တာမွေမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Aug 15,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ် လူရွယ်လေးများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန်ပြန့် သိရှိပြီး အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျောင်းသား/ သူများအား အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 15,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့် ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က နွယ်အေးရပ်ကွက်၊ အ.လ.က(၄)တွင် ကွင်းဆင်းရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ အ-ထ-က(ခွဲ)တက်ဆိပ်ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Aug 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ၊အ-ထ-က(ခွဲ)တက်ဆိပ်ကျောင်း၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည် ကျွမ်းကျင်စွာ တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆို ဆွေးနွေးတက်စေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ရစေရန်နှင့် လူငယ်များမှ နားထောင်ပြီး အသိပညာ ဗဟုသုတများစွာ ရရှိပြီး အပြန်အလှန် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။