စမ်းချောင်း ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အလေးထားဆောင်ရွက်ရန်၊ CCTV မရှိသည့် ရုံးများ အနေဖြင့် CCTV များ တပ်ဆင်ကြရန်၊ ဌာနဆိုင်ရာများ၏ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ အထူးဂရုစိုက် ဆောင်ရွက်ကြရန်၊ ဆွေးနွေးခဲ့သည်။ အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နီလာစိုး