ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး
Aug 15,2023
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနှင့်နွေစပါး စိုက်ဧကစုစုပေါင်း (၅၂၀၁၇၈၀) စိုက်ပျိုးရာမှ ထွက်ရှိလာသောစပါးတင်းပေါင်း (၄၁၆၁၉၀၂၄၆)တင်းကြိတ်ခွဲရာ စပါးခွံတန်ချိန် (၁၈၈၇၈၂၆.၅၇) တန်ထွက်ရှိရာ ယခင်ကမြစ်ချောင်းအင်းအိုင်များတွင် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုမှ ကာကွယ်ရန် ယခုအခါစပါးခွံကိုအသုံးပြု၍ စပါးခွံလောင်စာတောင့်စက်ရုံ(၅၀)ရုံ၊ စပါးခွံဓါတ်ငွေ့သုံး (Gasifier) ဖြင့် လည်ပတ်နေသော ဆန်စက်(၅၄၃)ရုံ၊ စပါးခွံဘွိုင်လာမှ ရေနွေးငွေ့တာဘိုင်သုံး လျှပ်စစ်ထုတ်စက်ရုံ (၄) ရုံ၊ ရောင်နီ အရက်ချက်စက်ရုံ (မြန်အောင်) (၁)ရုံ၊ စပါးခွံအသုံးပြု၍ ဘွိုင်လာနှင့်လည်ပတ်နေသော ဆန်စက်၊ အစာတောင့်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အရက်ချက်စက်ရုံ၊ ငါးပေါင်းအမှုန့်ကြိတ်စက်အပါအဝင် စုစုပေါင်းဘွိုင်လာ (၂၃၉) ရုံ အသုံးပြုလည်ပတ်နေပြီဖြစ်၍ ဝင်ငွေအကျိုးအမြတ်ရရှိလျက် လူမှုစီးပွားဘဝ အထောက်အကူပြုရုံ သာမက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။