လယ်ဝေး သြဂုတ် ၁၅
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့ညနေပိုင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုးချဲ့ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင်ရဲမှူး မိုးကျော်သူနှင့် တာဝန်ရှိသူများနှင့်အတူ အင်ပင်ကျေးရွာအုပ်စု၊ တောင်စဉ်အေးကျေးရွာရှိ ဦးစိုးဝင်း၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှမျိုးသန့်က စိစစ်ရေးအဖွဲ့အနေနှင့် တိုးချဲ့မွေးမြူနိုင်မည့် အခြေအနေများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် ညီညွတ်ကြောင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပိတောက်ချောင်ကျေးရွာနေ ဦးကျော်သူဝင်း၏ ဝက်မွေးမြူရေး ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ရှိဆောင်ရွက်နေသည့် အသားတိုးဝက်အပြင် တစ်ယူနစ် တိုးချဲ့မွေးမြူလိုခြင်းကြောင့် စစ်ဆေးရေးအဖွဲ့ စစ်ဆေးပြီး တင်ပြချက်များကို နေပြည်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိုးချဲ့မွေးမြူသူများအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှ စီးပွားဖြစ် မွေးမြူတိုးချဲ့ခြင်းဖြင့် တစ်ဦးချင်း၊ တစ်မိသားစုခြင်းမှအစ ဝင်ငွေများ တိုးတက်စေပြီး မိသားစုစီးပွား၊ ဒေသတွင်းစီးပွားများ တိုးတက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွား၍ ဒေသတွင်း စားရေးရိက္ခာ အသားဖူလုံမှုကို ဖြည့်ဆည်းပေးရာ ရောက်၍ မိသားစုများအားလုံး တိုးချဲ့မွေးမြူကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)