မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများ အခြေခံသမဝါယမအသင်းသားများစိုက်ပျိုးထားသော မိုးစပါးစိုက်များအား ကွင်းဆင်းကြည့်ရှု

ကျောက်ဆည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများသည် ဩဂုတ်(၁၆)ရက်နံက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ရန်ပုံငွေဖြင့်  စိုက်ပျိုးထားသော ပတ္တာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၀၉-ခ) မိုးစပါးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးကျော်ထွန်းဦးနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌဦးကျော်သန်းတို့က မိုးစပါးစိုက်ပျိုးသည့်အသင်းသား တောင်သူများအား သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများနှင့် မိုးစပါးစိုက်ပျိုးပြီးစိးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ရန်ပုံငွေဖြင့်  တောင်ပလူကျေးရွာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းသား(၂၃)ဦးမှ(၁၀၀)ဧက၊ ရဲမအူကျေးရွာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းသား(၁၅)ဦးမှ (၁၀၀)ဧက၊ ငါးလုံကုန်းကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းသား(၄၁)ဦးမှ (၁၅၀)ဧက၊ ပွတ္တိုင်ကျေးရွာရောင်နီဦးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းသား(၃၈)ဦးမှ (၁၅၀)ဧက၊ ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းသား(၉)ဦးမှ (၅၀)ဧက၊ ကတဲကျေးရွာ ရွှေသဇင်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းသား(၁၃)ဦးမှ (၅၀)ဧက၊ ငှက္ကတောင်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းသား (၇)ဦးမှ(၅၀)ဧက၊ ရွှေလေးကျေးရွာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းသား(၂၂)ဦးမှ (၉၀)ဧက၊ ဇရပ်ဖြူကျေးရွာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းသား(၂၁)ဦးမှ (၁၁၀)ဧက  စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)