မြို့သစ် ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ငွေလုံးငွေ ရင်းခွင့်ပြု ရန်ပုံငွေကျပ် (၃ဒဿမ၂၀) ကျပ်သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ သန္တာလမ်း၊ ဘုရားကြီးရပ်ကွက်၊ ရွှေဝါထွန်းလမ်းနှင့် မြို့ဦးလမ်းဆုံရှိ BOX Culvert ပြုလုပ်ခြင်းကို ဇူလိုင်လ ဒုတိယပက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတံတား (၂၆×၆)ပေရှိ BOX Culvert ပြုလုပ်ခြင်း လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။
လုပ်ငန်းပြီးစီးပြီဖြစ်၍ မြို့သာယာလှပပြီးအများပြည်သူတို့၏ လူနေမှုဘဝ မြင့်မားလာကာသွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာ ဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)