အ.ထ.က(အင်းမ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သဲကုန်း ဩဂုတ် ၁၈

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့၏စီစဉ်မှုဖြင့် ယမန်​နေ့က အ.ထ.ကအင်းမကျောင်း သီတဂူခန်းမ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အင်းမမြို့အုပ်ချုပ်ရေးမှူးဦးကောင်းမြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ   ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရေးစသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေး၊ မြို့နယ်စာရေးဆရာအသင်းမှ ဦးထက်ပိုင်မင်း(ကိုပိုင်သဲကုန်း)နှင့် အ.ထ.ကအင်းမမှ မောင်ဖြိုးပြည့်ဇော် Grade-11 ကလူငယ်နှင့်ပညာရေး၊ မသီရိထက် Grade-10 က လူငယ်နှင့်စာဖတ်ခြင်း၊ မဇူးဇူးသဉ္ဇာမောင် Grade-11 ရက် လူငယ်နှင့်ကျန်းမာရေး၊ မောင်အောင်​မြင့်မြတ် Grade-10 က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ   ဦးဆောင်ဆွေးနွေးသူများကပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။   

အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ  ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်