ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပေါက်တော ဩဂုတ် ၁၇

ပေါက်တောမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းမှု ဆင်ခုံတိုင်တံတားလမ်းနိမ့်ကျမှုအား ယာယီပြုပြင်ပြီးစီးမှုနှင့် စွန်ရဲတံတားအနီးရှိ လျှပ်စစ်တာဝါတိုင်တို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)