သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်ထားရှိ
Aug 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်ခရီး စဉ်သစ်သို့သွားရောက်လေ့လာမည်ဆိုပါက ကျောက်ပန်းတောင်းမြို့မှမိတ္ထီလာဘက်အ ထွက် ၇မိုင်ခန့်ကွာ၊ ကြက်မောက်တောင်ဆည်အနီးမှမြောက်ဘက် ၂ မိုင်၃ဖာလုံခန့်အကွာ ရှိ လဲဂွရွာနှင့်လက်ပံအိုင့်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့်ဂဲ မိုးအိုင်နေရာသို့ရောက်ရှိလေ့လာနိုင်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်တောင်သူမျာ းတွက်ခြေကိုက်နေ
Aug 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း အောက်ညဉ့်ကျေးရွာ ခရမ်းချဉ်စိုက်ပျိုး တောင်သူများထံကသိရသည်။
မင်းလှမြို့ မလွန်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာ များပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက မလွန် အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။        
အ.ထ.က (ကြာနီကန်) ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 18,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ကြာနီကန်)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Aug 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‌နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ ဓမ္မာရုံ၌ ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်
Aug 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ ဓမ္မာရုံ၌ ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
ရေနံချောင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 18,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေကူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ပြုလုပ်
Aug 18,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို  ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျောင်းသားလူငယ် များဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။