မင်းလှမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

မင်းလှ သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ခြင်း အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဝါငြိမ်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ရခြင်းအကြောင်း ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များ အာဟာရမျှတစွာ စားသုံးတတ်စေရန်၊ အဏုအာဟာရဓာတ်ဖြစ်စေသေ ာအိုင်အိုဒင်းဓာတ်အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကလေးငယ်များကို ဗီတာမင် (အေ)ဆေးလုံးများ တိုက်ကျွေးခြင်းနှင့် ပဲနို့ဘူးများ‌ဖြန့်ဝေပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်ဘီဝမ်းဆေးပြားများ၊ အိုင်အိုဒင်းဆား၊ ကြက်ဥများ‌ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ပေါက်စ(မင်းလှ)