ကြံခင်းမြို့ အ-မ-က (ပန်းရံစု) ကျောင်းတွင် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု အ-မ-က(ပန်းရံစု)ကျောင်းသို့ နည်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးအား အသိပညာပေးပြောကြာပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ)ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် ပတ်သက်၍အသိပညာပေးဟောပြောကြသည်။

ဆက်လက်ပြီး ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မှတ်ဉာဏ်ဖွံ့ဖြိုးစေရေးနှင့် နှုတ်မှုစွမ်းရည်ထက်မြက်စေရေး အတွက် စာဖတ်စွမ်းရည်မြှင့်တင်ရေးလေ့ကျင့်ပေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ကာ အသိပညာပေး နံရံကပ်စာစောင်ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးလက္ခဏာများအား အသိပညာဗဟုသုတရရှိစေရန် ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)