နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများလှူဒါန်း

လွိုင်ကော် ဩဂုတ် ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော် ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ဦးသန့်ဇင်နှင့်ဝန်ထမ်းများက လွိုင်ကော်မြို့၊ ဘေးမခဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့်ကုလားပဲများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဆွမ်းဆန်တော် လိုအပ်မှုရှိသော ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဇင်(လွိုင်ကော်)