ရှမ်းပြည်နယ်တွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် အသိပညာပေး ရှင်းလင်းဆွေးနွေး
Aug 20,2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြေစာများအပေါ်၌ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည့် လုပ်ငန်း(၅)မျိုး၏ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ၁၂-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများအလိုက် ဆောင်ရွက်ခဲ့သည်။