စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု  ဒုတိယမြို့တော်ဝန် ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် ဩဂုတ် ၂၀

ရန်ကုန်မြို့တော်စည်ပင်သာ‌ယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန် ဦးညီညီသည် အတွင်းရေးမှူး ကော်မတီဝင်များ ဌာနမှူးများ၊ ဒုတိယဌာနမှုး (စီမံ/ခရိုင်မြို့နယ်) ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့ လိုက်ပါကာ ယမန်နေ့နံနက်၇နာရီက ရန်ကုန် တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် - ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

ထိုသို့ကွင်းကြည့်ရှုဆင်းစစ်ဆေးရာတွင်ဒဂုံမြို့သစ် (တောင်ပိုင်း)  မြို့နယ် ၂၆ ရပ်ကွက် ပုလဲရတနာလမ်းရှိ အမှတ် - ၃ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့များ ပရဟိတနှင့်ရပ်ကျေးအဖွဲ့များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ ကျောင်းဝင်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်းသတင်းရရှိသည်။

 သန်းသန်းအေး