ရှမ်းပြည်နယ်တွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် အသိပညာပေး ရှင်းလင်းဆွေးနွေး

တောင်ကြီး ဩဂုတ် ၂၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြေစာများအပေါ်၌ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည့် လုပ်ငန်း(၅)မျိုး၏ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ၁၂-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများအလိုက် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲများတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ/ဝယ်ယူသူများက ပြေစာတောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော ပြေစာများကို မဖြစ်မနေထုတ်ပေးရန်နှင့် လိုက်နာမှုမရှိပါက စားသုံးသူများက တိုင်ကြားနိုင်ပြီး တိုင်ကြားမှုအတွက် ဆုကြေးငွေများထုတ်ပေးမည်ဖြစ်ကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့် ကျသင့်ငွေပေးချေချိန်တွင် လုပ်ငန်းရှင်များထံမှ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာများကိုတောင်းယူကြရန် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးနှိုးဆော်ထားပြီးဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ဥပဒေနှင့်အညီအရေးယူခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်အသီးသီးမှလုပ်ငန်းရှင် စုစုပေါင်း(၁၀၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)