တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ခြံများ၏ ၂၀၂၃/ ၂၀၂၄ ခုနှစ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၂၀         

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၁ လမ်း (သိပ္ပံ)လမ်းဒေါင့်ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ခြံများ၏ ၂၀၂၃/ ၂၀၂၄ ခုနှစ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်း၊ ဦးစီးမှူး ဦးမင်းကြည်နှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဌာနစိတ် တာဝန်ခံများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ဦးစီးမှူးများ၊ ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး‌နောက်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက လုပ်ငန်းများဆောင်ရွက်နေမှုများကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး တိုင်းဦးစီးမှူး ဦးတိုးမင်းနှင့်တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရပါသည်။

ကျော်စွာ(မြို့နယ် ပြန်/ဆက်)