သတင်းများ

မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ညောင်နှစ်ပင်)၌ ကျင်းပသည်။
လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Aug 20,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 20,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိရာ ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ) ၌ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Aug 20,2023
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးနှင့် မနောကွင်းအတွင်း သစ်ပင်ပေါင်း ၃၀၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးပြီး မြစ်ကြီးနားတက္ကသိုလ် သတ္တဗေဒဌာနမိသားစု၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲများသို့ တက်ရော
Aug 20,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့ရွာများသန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘုရားကျောင်းကန်နေရာများ၊ အများပြည်သူဝင်/ ထွက်သွားလာရာနေရာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်
Aug 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဗဟိုပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းများ စတင်နှုတ်သိမ်းနေပြီး ပေါ်ဦးပေါ်ဖျား သီးနှံဈေးကောင်းရသဖြင့် တောင်သူများအစဉ်ပြေ
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းများ စတင်နှုတ်သိမ်းနေပြီဖြစ်ကာ၊ သီးနှံပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိ‌သဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများဖြင့် တွေ့ဆုံဆွေးနွေး
Aug 20,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။