သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီသီးနှံတစ်ပိဿာငွေကျပ်(၁၅၀၀)ရောင်းချရသဖြင့် ကြက်သွန်နီလက်ဝယ်ရှိတောင်သူများ အဆင်ပြေလျက်ရှိ
Aug 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသဖြင့် တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့်သီးနှံများ တွဲဖက်စိုက်ပျိုးကြကြောင်းနှင့် ကြက်သွန်နီသီးနှံတစ်ပိဿာ(၁၅၀၀)ကျပ်ရောင်းချ ရသဖြင့် ကြက်သွန်နီ လက်ဝယ်ရှိတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပျော်ဘွယ်မြို့နယ်၊ ပေကုန်းကျေးရွာတွင် ဘုရားမီးပူဇော်ထားသည့် လျှပ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Aug 21,2023
ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာတွင် နေအိမ်ဘုရားမီးပူဇော်ထားသည့် လျှပ်စစ်မီးအပူလွန်ကဲရာမှတဆင့် ဩဂုတ်လ(၂၀)ရက်၊ ညနေ(၅)နာရီခွဲ အချိန်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
Aug 21,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းကြီးကြပ်မှုဖြင့် ပန်းခင်းစီမံချက်အဆင့်(၂)နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းကို ဂါယ်လောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဩဂုတ်လ ၁၉ ရက်နေ့‌နံနက်ပိုင်းအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Aug 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှုစနစ် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပိတောက်ခင်ကျေးရွာအနီး တောင်သူပညာပေးရှင်းလင်းဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ
Aug 21,2023
အဋ္ဌမအကြိမ်မြောက်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး၏ တွဲဆိုင်းခြောက်ဆိုင်းကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးသောဒေသတစ်ခုဖြစ်ပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ဒေသခံတောင်သူများ အားထား စိုက်ပျိုးသည့် နွေနှမ်းများ စတင်ရိတ်သိမ်း
Aug 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေး အားထားစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်း စိုက်ခင်းများ အသီးရင့်နေပြီဖြစ်၍ ယမန်နေ့တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်တက်ရောက်
Aug 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။