လယ်ဝေးမြို့၌ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုး
Aug 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်( ၄၇ ) စက်မှုလယ်ယာစခန်းမှ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲက ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ခရိုင်ဦးစီးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။