မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ညောင်နှစ်ပင်)၌ ကျင်းပသည်။

ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ညောင်နှစ်ပင်)မှ ကျောင်းအုပ်ဆရာကြီးဦးစိုးလင်းထွန်းတို့က အမှာစကား အသီးသီးပြောကြားပြီး  မှော်ဘီမြို့နယ် Book Club အဖွဲ့ဝင် စာရေးဆရာဆေးတန်သားမှ လူငယ်နှင့် အနာဂတ်ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တစ်ခုလိုဟူသော သိကောင်းစရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

အဆိုပါလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသောဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)