သတင်းများ

ပေါင်းတည်မြို့နယ်၌ နေရပ်စွန့်ခွာအိမ်​ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်
Aug 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း လာရောက်ခိုလှုံလျက်ရှိသော နေရပ်စွန့်ခွာအိမ်ထောင်စုများအား ယမန်နေ့နံနက်၉နာရီခွဲက ခိုလှုံရာအရပ်သို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Aug 21,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဦးတွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး
Aug 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာများမိသားစုစား‌သောက်ရေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများက မြသီတာခန်းမရှေ့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ဝေါလေမြိုင်မြို့၌ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသ
Aug 21,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ် စာစောင်ကို ပြသဆောင်ရွက်ကြောင်းသိရသည်။
မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Aug 21,2023
မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကျန်မာရေးစစ်ဆေးပေးခြင်း​နှင့်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်
Aug 21,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် ကုန်းခင်ကျေးရွာအုပ်စု၊ ကုန်းခင်ကျေးရွာ အ-မ-က၊ ပုန်ဆိုးကြီးကျေးရွာအ-မ-ကနှင့် ခအုန်းမော်ကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအ-မ-က၊ ရွာမကျေးရွာ အ-လ-ကတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီက မန်ဖျက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။