ကျိန္တလီမြို့၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ကျိန္တလီ   သြဂုတ် ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဂွမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စစ်ကြောင်း(၅)ကြောင်းဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး သန့်ဇင်အောင်က ရပ်ရွာလုံခြုံရေးအခြေအနေများကိုလည်းကောင်း၊ ယာယီရဲမှူး ခင်မောင်ထွန်းက နယ်မြေဒေသ လုံခြုံရေးနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။ ၎င်းနောက် ရပ်မိရပ်ဖ ဦးလှတင့်က ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကျိန္တလီမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်လင်း