သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရှမ်းရွာသစ်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Aug 21,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နွားထိုးကြီးမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 21,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီက အမျိူးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှကြီူမှူး၍ အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ရသေ့တောင်မြို့နယ်က ပြိုင်ပွဲဝင် ( ၁၁ ) ဦးဝင်ရောက်ယှဉ်ပြိုင်မည်
Aug 21,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကို စက်တင်ဘာလ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ရာ ရသေ့တောင်မြို့နယ်အတွင်းက ပြိုင်ပွဲဝင် (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရှိရသည်။
မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေး
Aug 21,2023
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့်အင်ဖက်များ အခမဲ့ဖြန့်ဝေ
Aug 21,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ၊အင်ဖက် ၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaignနှင့်အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက မြို့မဈေး အတွင်း ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်  စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ကြသည်။
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုး နယူးဧရာစပ်မျိုးစိုက်ပျိုးထားရှိမှုနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
Aug 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဝါးခယ်မမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုး နယူးဧရာစပ်မျိုးစပါး စိုက်ပျိုးထားရှိမှုအားကြည့်ရှု၍ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။