ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ချမ်းမြသာစည်  ဩဂုတ်  ၂၁

ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည် မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးရဲမင်းထွန်း၊ ဒုလ၀ကမှူး ဦးပြည့်ဖြိုးကျော်နှင့် ၀န်ထမ်းများ ကရပ်ကွက်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသည့် ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများ အဆင်ပြေချောမွေ့စွာရရှိ‌ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးကြခြင်း ဖြစ်ကြောင်းသိရှိရသည်။

ချမ်းမြသာစည်မြို့နယ်၊လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (မြို့နယ် ပြန်/ဆက်)