မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိ အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တောင်ပြိုလက်ဝဲ သြဂုတ် ၂၁

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိ အသက်(၅) နှစ်နှင့်(၁၂)ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်အ.လ.က(ခွဲ) မီးတိုက်ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ ကျန်းမားရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အသက် (၅)နှစ်နှင့်(၁၂)ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးကာ ထိုးနှံပြီးသည့် ကျောင်းသား၊ကျောင်းသူများကို မိနစ် ၃၀ ခန့်အနားယူစေသည်။  ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)