မာန်အောင် သြဂုတ်၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှ ညနေ(၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)တွင် ကျန်းမာရေးဌာန တာဝန်ကျဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရာတွင် ကာကွယ်ဆေး ထိုးနှံလက်မှတ်များ ယူဆောင်လာစေပြီး ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိသည်။
မာန်အောင်မြို့တွင်အ-ထ-ကမာန်အောင်နှင့် “စံ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများနှင့် (Booster Dose) ထိုးနှံရန် ကျန်ရှိကျောင်းသား/သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)