ရ‌သေ့တောင်မြို့၌ အသက် (၆)လမှ (၅)နှစ်အရွယ် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးပေး

ရသေ့တောင်     သြဂုတ်   ၂၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် အသက်(၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မအ.မ.က(၂)ကျောင်းတွင်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ကြသည်။

ထိုသို့ တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက KG ကျောင်းသား၊ ကျောင်းသူလေးများအား ကိုယ်အလေးချိန်ပေးခြင်း၊ အရပ်အမောင်းတိုင်းပေးခြင်း၊ လက်မောင်းပတ်များ တိုင်းပေးခြင်း၊ ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်းသိရှိရသည်။

ရသေ့တောင်(ပြန်/ဆက်)