ပေါက်တော ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)