ဝေါလေမြိုင်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ဝေါလေမြိုင် ဩဂုတ် ၂၁

 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre)ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊    ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ၊ မော်တော်ဆိုင်ကယ်စီးနှင်သူများ လိုက်နာရမည့် အချက်များနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးထုတ်ပြန်ပြဌာန်းထားသော လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ စသည့်အချက်များကို ဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးက မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်များကို စနစ်တကျ ဆောင်းရန်နှင့် မော်တော်ယာဉ်များမောင်နှင်းနေစဉ်ဖုန်းပြောခြင်း၊ မူးယစ် သောက်စားခြင်းမှရှောင်ကြဉ်ရန်၊မော်တော်ဆိုင်ကယ်စီးနှင်းပါက နှစ်ဦးထက်ပို၍ မစီးရနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့် ပတ်သတ်၍ လိုက်နာရမည့်အချက်များကို  အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှင်းဝေဦး (ဝေါလေမြိုင်)