စဉ့်ကူး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် လျှပ်စစ် ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် ဓာတ်အားချွေတာသုံးစွဲရေး နံရပ်ကပ်စာစောင် ပြသရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူများ လိုက်နာနိုင်ရန် ထုတ်ပြန်ထားသည့် အသိပညာပေး စာစောင်များ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံကားချပ်များနှင့် ကြေညာချက်များကို ဝေဝေဆာဆာ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်ဆက်)