မြေပုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြေပုံ    ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အထက (မြေပုံ) ကျောင်းရှိ ဦးစိန္တာခန်းမ၌ ပြုလုပ်သည်။

ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်လွင် ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ဒုတိယဦးစီးမှူး ဦးကောင်းကျော်ဇံနှင့်ဝန်ထမ်းများက အထက (မြေပုံ) ကျောင်း၌ ပညာသင်ကြားနေသော (Grade – 6 မှ Grade – 12) အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်ဝင်း