ပိုင်ကျုံ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ဩဂုတ်လ ၂၀ ရက်နေ့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားပြီး သစ်တောဦးစီးဌာနမှ တောခေါင်းဦးစောသန်းအောင်က အပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် သစ်တောသစ်ပင်ပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဆွေးနွေးပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူခူးက ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာနည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များ စည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့လိုကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ အသိပညာပေးရေးလုပ်ငန်းများ လစဉ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)