အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ မိုးရာသီအားကစားပြိုင်ပွဲ ကျင်းပ

 

လပွတ္တာ ဩဂုတ်လ ၂၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာနှစ် မိုးရာသီအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစ၍ အစိုးရစက်မှုလက်မှုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝတ်ရည်လှိုင်က အဖွင့်အမှာစကားပြောကြားကား အားကစားသမားများအား နှုတ်ဆက်အားပေးစကားပြော ကြားသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ပြိုင်ပွဲများကို အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်းမှ ကျောင်းသား/သူများက မေဂျာအလိုက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)