မိုင်းရယ် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ(Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်၊ ရပ်ကွက်သန်းခေါင်စာရင်းကော်မတီဝင်များက GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ(Census Units)ဖွဲ့စည်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)