ကော့သောင်းမြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကော့သောင်း   ဩဂုတ်   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခြေခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့်ကော့သောင်း မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများက ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်စည်ပင်သာယာဈေးအရှေ့တွင် အများပြည်သူများအား ဆန်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် စားသောက် ကုန်ပစ္စည်းများဈေးနှုန်းတိုးမြင့်နေသည့်ကာလတွင် အခြေခံပြည်သူများအား တဖက်တလမ်းမှ အကူအညီဖြစ်စေရန်ရည်ရွယ်၍ စားသုံးဆီများကို အပတ်စဉ် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး ယခုအခါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူများက နန္ဒဝန်ဈေးရှေ့တွင် ဧည့်မထ/ဇီယာဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂၄၀)အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)