ပေါင် ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဆင်းပွဲကို ကျုံကကျေးရွာတိုက်ကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီက သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝေထွန်းက အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါ်ထွက်လာရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို ပြီးစီးသည်အထိ တက်ရောက်ပေးကြလို့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်က အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် ကျေးလက်နေပြည်သူများ အပိုဝင်ငွေများရရှိသွားမည်ဖြစ်ကြောင်း ယခုအချိန်အခါသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် လူနေမှုစနစ်တဖြည်းဖြည်း တိုးတက်လာကာ သစ်၊ ဝါးများအစား အုတ်ဖြင့်ဆောက်လုပ်သည့် အိမ်များကိုသာ အသုံးပြုလာသည့်အတွက် အုတ်ဘလောက် ရိုက်နည်းသင်တန်းတက်ရောက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားလာတော့မှာဖြစ်တဲ့အတွက် ဝမ်းသာပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သင်တန်းသား(၃၀)ဦး အားသင်တန်းဆင်းလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၇) ရက်ကြာ သင်ကြားပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)