ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ ကျင်းပ
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/ ၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကွန်ပျူတာ(၅)လုံး၊ ဆက်စပ်ပစ္စည်းများဖြင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊