နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။

လူငယ်စကားဝိုင်း‌ ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်က Moderator အဖြစ် ဆောင်ရွက်ပြီး  နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကျောင်းသား/ ကျောင်းသူ ဦး တို့က လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်ဒဿန၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်း လေ့လာခြင်းစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)