ဧရာဝတီမြစ်ရေမြင့်တက်သဖြင့် ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအတွင်း မြစ်ရေများစတင်ဝင်ရောက်

ပန်းတောင်း သြဂုတ် ၂၄

ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအတွင်းရှိ လူနေအိမ်များအတွင်း ယမန်နေ့ကစ၍ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွာသာယာကျေးရွာအုပ်စု၊ ရွာယာသာကျေးရွာတွင် အိမ်ခြေ (၁၁)အိမ်၊ ကျား (၂၆)ဦး၊ မ (၂၈)ဦး၊ စုစုပေါင်း (၅၄) ဦးနေထိုင်လျက်ရှိပြီး စိုးရိမ်ရသည့် အခြေအနေမရှိသေးသဖြင့် ကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ရန် မလိုအပ်သေးသော်လည်း ပြောင်းရွှေ့ရန်လိုအပ်လာပါက ယာယီကယ်ဆယ်ရေးစခန်းအဖြစ် ပြင်ဆင်ထားသည့် ရွာသာယာဘုန်းတော်ကြီးကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)